ကိုလံဘီယာတွင် မြေပြိုမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံး

4
ကိုလံဘီယာနိုင်ငံအလယ်ပိုင်း ကော်ဖီစိုက်တဲ့ပြည်နယ်မှာ မိုးကြီးအပြီး ပေရေးရားမြို့နားမှာ မြေပြိုခဲ့လို့ လူ ၁၄ ယောက်ထက် မနည်း သေဆုံးပြီး ၃၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုလံဘီယာ ကပ်ဘေးစီမံရေး အေဂျင်စီက ပြောပါတယ်။
အိုတွန်မြစ် ရေလျှံခဲ့လို့ အနားက ဒါဇင်နဲ့ချီတဲ့ အိမ်တွေကို အာဏာပိုင်တွေက ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပါတယ်။
တောင်ထူတဲ့ ကိုလံဘီယာနိုင်ငံမှာ မကြာခဏ မိုးကြီးပြီး ခပ်ညံ့ညံ့ အိမ်တွေကို အလွယ်ဆောက်ကြလို့ မြေပြိုတာ ဖြစ်နေကျပါ။
၂၀၁၇ ခုကလည်း မိုကိုအာမြို့မှာ မြေပြိုလို့ လူအယောက် ၃၂၀ သေဆုံးခဲ့ဖူးပါတယ်။