close

မြင်းခြံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုဝေဖြိုးအောင်ကို ထောင်ဒဏ် ၆ နှစ် အမိန့်ချ

ဗကသများအဖွဲ့ချုပ်ရဲ့ သပိတ်စစ်ကြောင်းများမှာ ပါဝင်ခဲ့တဲ့ မြင်းခြံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုဝေဖြိုးအောင်ကို ဖေဖော်ဝါရီ ၈ ရက်မှာ အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် ၆ နှစ် အမိန့်ချလိုက်ပါတယ်။

ကိုဝေဖြိုးအောင်ဟာ TNLA မှာ စစ်သင်တန်းတက်ပြီး ပြန်လာသူဖြစ်တယ်လို့  စစ်ကောင်စီက စွပ်စွဲပြီး အကြမ်းဖက် ပုဒ်မ ၅၂  (က) နဲ့ အမှုဖွင့်တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။

“အမှုမှာ TNLA မှာ စစ်သင်တန်း တက်တယ်ဆိုတာ မပေါ်ပါဘူး။ ရဲထွက်ချက်နဲ့ အမိန့်ချသွားတာ။ ဘာအထောက်အထားမှ မရှိဘူး။ လူပဲမိတာ။” လို့ ကိုဝေဖြိုးအောင် ရဲ့ ရှေ့နေက ပြောပါတယ်။

ကိုဝေဖြိုးအောင်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄  ရက်က လားရှိုးကနေ မန္တလေးကို အလာ ပြင်ဦးလွင်စစ်ဆေးရေးဂိတ်မှာ လူငယ်ဖြစ်တဲ့အတွက် မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး နန်းတွင်းစစ်ကြောရေးမှာ ရက် ၂၀ လောက် ရိုက်နှက်စစ်ဆေးပြီး အိုးဘိုအကျဉ်းထောင်ကို ပို့ဆောင် တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား အယောက် ၄၀ လောက်ဖမ်းဆီးခံထားရပြီး နှစ်ရှည်ထောင်ဒဏ်တွေလည်း ချမှတ်ခံထားရတယ်လို့ ဗကသများအဖွဲ့ချုပ် က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up