အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးဥပဒေကို သရုပ်ဆောင် ဂျိုလီ အမေရိကန် လွှတ်တော်၌ ဆွေးနွေး

ကုလသမဂ္ဂမှာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ နာမည်ကျော် သရုပ်ဆောင် အင်ဂျလီနာ ဂျိုလီက အမေရိကန် အထက်လွှတ်တော်မှာ အသစ်ပြင်ဆင်လိုက်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး အက်ဥပဒေကို ထောက်ခံ ဆွေးနွေးသွားပါတယ်။
ဒီဥပဒေဟာ တချို့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် နောက်တောင်ကျနေပြီလို့ စိတ်ခံစားမှု အပြည့်နဲ့ ပြောသွားပါတယ်။
လွန်ခဲ့တဲ့ တနှစ်က အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၄၄ မဲ၊ ကန့်ကွက်မဲ ၁၇၂ မဲနဲ့ အတည်ပြုခဲ့တဲ့ ဒီဥပဒေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေကို ပိုပြီး ကာကွယ်နိုင်အောင် ရေးဆွဲထားတာပါ။
ဒီဥပဒေကို ၁၉၉၄ ခုနှစ်တုန်းက အဲဒီအချိန်က ဆီနိတ် အထက်လွှတ်တော် အမတ်ဖြစ်ခဲ့တဲ့ ဂျိုးဘိုင်ဒင်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ ဥပဒေရဲ့ သက်တမ်း ကုန်ဆုံးခဲ့တာ ဖြစ်လို့ သက်တမ်းတိုးဖို့ လက်ရှိ သမတ ဘိုင်ဒင်ကပဲ ဆော်သြနေတာပါ။
အိုင်အိုဝါရဲ့ ဆီနိတ်တာ အမတ်ဖြစ်တဲ့ ဂျိုနီ အန်နက်ကလည်း လွှတ်တော်နှစ်ရပ် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ပြီး ဥပဒေကို ထောက်ခံ ဆွေးနွေးသွားတာ တွေ့ရပါတယ်။
“ကျမက ကိုယ်တိုင်ကြုံခဲ့သူပါ၊ ကိုယ်ယုံကြည်စိတ်ချတဲ့လူက ကိုယ့်ကို အနိုင်ကျင့်တဲ့အခါ ဘယ်လိုခံစားရလဲဆိုတာကို ကျမ ကိုယ်တိုင်သိခဲ့ရပါတယ်”