close

မန္တလေး ရတနာပုံ တက္ကသိုလ်ဝန်းထဲက လုံခြုံရေးဂိတ် ဗုံးခွဲခံရ

မန္တလေးတိုင်း အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်ဝန်းထဲက စစ်ကောင်စီ လုံခြုံရေးဂိတ်မှာ  ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၀ နာရီလောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီလောက်က ဆိုင်ကယ်စီးလာတဲ့ နှစ်ယောက်က လက်လုပ်ဗုံး ပစ်ထည့်ခဲ့တာ၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို  Yadanarbon Phoenix Guerilla Force -YPGF နဲ့ မဟာမိတ် အဖွဲ့ဖြစ်တဲ့ Dragon Warrior အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သား ၃ ဦးလောက် သေဆုံးနိုင်တယ်လို့  YPGF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရတနာပုံတက္ကသိုလ်ဝန်းထဲက လုံခြုံရေးဂိတ် ဗုံးဖောက်ခွဲခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up