ယူကရိန်းစစ်တပ် ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှု စတင်

ယူကရိန်းက ကြိုတင်ကြေညာထားတဲ့အတိုင်း ၁၀ ရက်တာ စစ်ရေးလေ့ကျင့်မှုတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်လုပ်ဆောင်ပါတယ်။
အိမ်နီးချင်း ဘီလာရုဇ်နိုင်ငံမှာ ရုရှားတပ်တွေ အပြင်းအထန် စစ်ရေးလေ့ကျင့်နေမှုကို တုံ့ပြန်တဲ့ အနေနဲ့ စစ်ရေးလေ့ကျင်မှု စတင်တာပါ။
ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စကီ ရက်ဇ်နီကော့ဗ်က ယူကရိန်းရဲ့စစ်ရေးလေ့ကျင့်မှု ဖေဖော်ဝါရီ ၁၀ ကနေ ၂၀ ရက်ထိ ကြာမယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောထားတာပါ။
တပ်အင်အား လက်နက်အင်အား ဘယ်လောက်ပါမယ်ဆိုတာ မပြောပေမဲ့၊ နေတိုးအဖွဲ့က ကူညီထားတဲ့ Bayraktar ဒရုန်းတွေ၊ တင့်ကားဖျက် Javelin and NLAW ဒုံးကျည်တွေ ပါဝင်ပါတယ်။
ယူကရိန်းတပ်တွေ ကိုယ့်ဖာသာ စစ်ရေးလေ့ကျင့်နေဆဲမှာ အမေရိကန်ရဲ့ စစ်လက်နက် အကူအညီတွေ စနေနေ့မှာ ကိယက်ဗ်မြို့ကို ထပ်ရောက်လာဖို့ ရှိပါတယ်။
နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ ပိုလန်နဲ့ ရိုမေနီးယားမှာလည်း အမေရိကန်တပ်တွေ တိုးချဲ့ချထားနေတာပါ။