ယူကရိန်းအနီး စစ်ရေးမလေ့ကျင်တော့ဟု ပြင်သစ်သမ္မတပြောဆိုချက်အပေါ် ရုရှား ငြင်းဆို

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရုရှားသမ္မတပူတင်နဲ့ မော်စကိုမှာ တွေ့ဆုံပြီး၊ ဖော်ဖော်ဝါရီ ၈ ရက်မှာ ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးနဲ့ ကိယက်ဗ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
ကိယက်ဗ်ကို ရောက်ရှိနေတဲ့ မက်ခရွန်က သတင်းစာရှင်းလင်းရာမှာ သမ္မတပူတင်က ယူကရိန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ မလုပ်တော့ဘူးလို့ ပြောဆိုခဲ့ကြောင်းနဲ့ နောက်ထပ် ဆိုးရွားတဲ့အခြေအနေမဖြစ်အောင် ကူညီမယ်လို့ ပြောကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ မက်ခရွန်ရဲ့ ပြောဆိုမှုကို ရုရှားနိုင်ငံပိုင်သတင်းဌာနက တုံ့ပြန်ကြေညာချက်နဲ့ ကွဲလွဲနေပါတယ်။
ရုရှားတပ်တွေ ယူကရိန်းအနီး စစ်ရေးလေ့ကျင့်မှု မလုပ်တော့ဘူးလို့ မက်ခရွန် ပြောဆိုတာ မမှန်ကန်ကြောင်း မော်စကိုအစိုးရဘက်က တုံ့ပြန်ပြောခဲ့ပါတယ်။