လစ်သူယေးနီးယားနိုင်ငံမှ လေယာဉ်ပစ် ဒုံးကျည် ယူကရိန်းရရှိ

3
ယူကရိန်းအစိုးရဟာ လစ်သူယေးနီးယားနိုင်ငံကနေ စတင်ဂါလေယာဉ်ပစ် ဒုံးကျည်တွေကို ဖေဖော်ဝါရီ ၁၃ ရက်က လက်ခံ ရရှိခဲ့ပါတယ်။
ယူကရိန်းနယ်စပ်နားမှာ ရုရှားစစ်သည်အင်အားတသိန်းကျော်ရောက်လာတာကြောင့် ယူကရိန်းနိုင်ငံက သူ့နိုင်ငံရဲ့ကာကွယ်ရေးကို အားဖြည့်ဖို့ လတ်တလော သီတင်းပတ်တွေအတွင်းမှာ နေတိုးမဟာမိတ်နိုင်ငံတွေဆီကနေ စစ်ရေးအကူအညီတွေ လေယာဉ်စီးလုံးလိုက် ရရှိနေပါတယ်။
ပေးပို့ထားတဲ့ လက်နက်တွေကို ယူကရိန်းက ဘယ်တော့မှ မသုံးရဖို့ မျှော်လင့်တယ်လို့ လစ်သူယေးနီးယားဝန်ကြီးချုပ်ဟာ ဒီအပတ်အစောပိုင်းက သူ့ရဲ့ ယူကရိန်းခရီးစဉ်အတွင်း ပြောခဲ့ပါတယ်။