close

မိုးဗြဲတိုက်ပွဲမှာ PDF ရဲဘော် ၁ ဦး ကျဆုံး

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်  တယောက် ကျဆုံးခဲ့တယ်လို့သိရပါတယ်။

ကျဆုံးသွားတဲ့ရဲဘော်ဟာ MBPDF လင်းယုန်တပ်ခွဲမှ ရဲဘော်‌တယောက် ဖြစ်ပြီး သူ့ကို Dove KK အပါအဝင် ဒေသကယ်ဆယ်ရေးအဖွဲ့တွေ ကြိုးစားကယ်ထုတ်ခဲ့ပေမဲ့ ကျဆုံးခဲ့ရတယ်လို့ Dove KK ဆေးတပ်ဖွဲ့က သူ့ရဲ့  လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်  စတင်ပြီး ကရင်နီမဟာမိတ်တပ်ပေါင်းစုတွေနဲ့ စစ်‌ကောင်စီတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။

မိုးဗြဲ PDF ရဲ့ မနေ့ကထုတ်ပြန်ချက်အရ တိုက်ပွဲတွေကြောင့် PDF ဘက်က ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိထားပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ပြည်သူတွေရဲ့ နေအိမ်‌တချို့လည်း ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ်ပြန်ချက်အရ ကရင်နီပြည်အတွင်း ပြည်သူ ၁၉၅ ယောက် ကျဆုံးခဲ့ရပြီး၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၆၀ ဆုံးကာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၆၅၁ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up