close

YBS ယာဥ်စီးခ ကျပ် ၄၀၀ ကျပ် တိုးကောက်နေ

ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကား ယာဉ်လိုင်းတချို့ဟာ တရားဝင် ကြိုတင်အသိပေး ကြေညာထားတာမရှိဘဲ ယာဥ်စီးခတွေကို ကျပ် ၄၀၀ ပြောင်းလဲကောက်ယူနေတာရှိတယ်လို့  ခရီးသွားပြည်သူတွေထံက သိရပါတယ်။

ခရီးစဥ်အလိုက် ဟိုနား၊ ဒီနားကို ၂၀၀ ကျပ်နဲ့ ခရီးလမ်းကြောင်းဝေးရင် ၄၀၀ ကျပ်တောင်းတယ်လို့ ဒီနေ့ကိုယ်တိုင်ကြုံရတဲ့ ခရီးသွားတစ်ဦးက ပြောပါတယ်။

"ယာဥ်မောင်းက ဘယ်ကနေ၊ ဘယ်အထိဆို နှစ်ရာ၊ ကျော်ရင် လေးရာဆိုပြီးပြောကောက်တာ ဒီနေ့မှကြုံရတာ"လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ ခရီးသွားက ပြောပါတယ်။

သူစီးခဲ့တဲ့ YBS ယာဥ်လိုင်းနံပတ်၂၈ နဲ့ ၂၉ ဟာ အရင်ရက်တွေက ယာဥ်စီး  ၂၀၀ ကျပ်သာ ပေးရတဲ့လိုင်းတွေ ဖြစ်ပြီး အခုမှ ပြောင်းသွားတာလို့ ဆိုပါတယ်။

ဒါအပြင် တခြားခရီးသွားတွေလည်း ယာဥ်စီးခတိုးမြှင့်ကောက်ယူတာတွေနဲ့ ကြုံနေရကြောင်း သိရပါတယ်။

"ကားသမားက စျေးပြောင်းသွားပြီဆိုပြီးပြောတယ်။ ကျနော်သိရသလောက် ကြေညာအ သိပေးထားတာမရှိဘူး။ မကြားမိဘူး"လို့  ကုမ္ပဏီဝန်ထမ်းခရီးသွားတစ်ဦးက ပြောပါတယ်။

YBS ယာဉ်စီးခတွေကို ကျပ် ၄၀၀  ပြောင်းလဲသတ်မှတ်မယ်ဆိုပြီး ဖေဖော်ဝါရီလ ဆန်းပိုင်းကတည်းက သတင်းထွက်နေတာပါ။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)က ယာဉ်စီးခပြောင်းလဲဖို့ ယာဥ်လိုင်းတွေဘက်က တင်ပြထားတာမျိုးသာရှိပြီး ခွင့်မပြုထားသေးဘူးလို့  အသိပေးထားပါတယ်။

ဒါပေမဲ့ မြေပြင်မှာတော့  စစ်အာဏာသိမ်းပြီး နောက်ပိုင်းယာဥ်စီးခတွေကို ယာဥ်လိုင်းအများစုက ပြောင်ပြောင်းတင်းတင်း တိုးမြှင့်ကောက်ယူတာတွေပို မိုများပြားလာနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up