close

ကျောင်းကုန်းမြို့၌ ကိုဗစ်အတည်ပြုလူနာများကို စစ်ကောင်စီက အိမ်ပြန်လွှတ်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့မှာ ဖေဖော်ဝါရီ တတိယပတ်က စတင်ပြီး ကိုဗစ်အတည်ပြုလူနာတွေကို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက နေအိမ်ပြန်လွှတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းကုန်းမြို့က လူစည်ကားတဲ့ဈေးတွေဖြစ်တဲ့ မြို့မဈေးနဲ့ ငါးဈေးမှာ အတည်ပြုလူနာ ဖေဖော်ဝါရီလ ၁၆ ရက်က ကိုဗစ်အတည်ပြုလူနာ ၄၀ ကျော်တွေ့ရှိပြီးနောက်ပိုင်း ကိုဗစ်ကုသရေးစင်တာတွေ ဆေးရုံတွေကို မပို့ဆောင်ဘဲ နေအိမ်မှာပြန်နေဖို့ မှာကြားကာ ပြန်လွှတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ကိုဗစ်စင်တာဆိုပြီး သက်သက်မရှိတော့ စစ်ပြီး အဖြေထွက်လာတာနဲ့ အိမ်ပြန်လွှတ်တာ ဆေးရုံမှာလည်း လူပြည့်နေပြီကြားတယ်။ အရင်အစိုးရလက်ထက်ကဆို လူများလာလည်း ပုသိမ်ဆေးရုံကြီးကိုလွှဲတယ် ခုက ဘာအစီအစဉ်မှ မရှိသလိုဖြစ်နေတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဘုရားဝင်းအနီးက မြို့မစာသင်ကျောင်းမှာ ကိုဗစ်ကုသရေးစင်တာဖွင့်လှစ်ထားပေမဲ့ ဆရာဝန်နဲ့ သူနာပြု အင်အားမလုံလောက်တာကြောင့် ကုသတာတွေ မလုပ်ပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

ကျောင်းကုန်းမြို့မှာ ဖေဖော်ဝါရီ ၁ ရက်မှ ၁၇ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၆၀ ကျော်ထိ ရှိလာပြီဖြစ်ပေမဲ့ စည်းကမ်းတင်းကျပ်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up