close

ပေါင်းတလည် အထကမှ ဆရာအချို့ ကိုဗစ်ကူးစက်ခံနေရသော်လည်း ကျောင်းဆက်ဖွင့်ထား

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့မှာ ဖေဖေါ်ဝါရီ ၁၇ ရက်က ကိုဗစ်စစ်ဆေးခဲ့ရာမှာ ဆရာ၊ ဆရာမ ၄ ယောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပေမဲ့သူတို့ကို အိမ်ပြန်နားခိုင်းပြီး ကျောင်းကိုတော့ ဆက်လက်ဖွင့်ထားတယ်လို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနကနေ သိရပါတယ်။

မြို့ခံကျောင်းသားမိဘ တယောက်က “အခုပိုးတွေ့တဲ့ ဆရာတွေက ၅ တန်းနဲ့ ၆ တန်းတွေကိုသင်ကြတာ။ အဲ့ဒိ ၅ တန်းနဲ့ ၆ တန်းကလည်း အခန်းခြင်းကပ်လျှက်ပဲ။ ဘေးမှာလည်း ဆရာနားနေခန်းကလည်း တခန်းထဲရယ်။ အခုထိကျောင်းကိုတော့ ပိတ်မပေးဘူး ဆက်တက်ခိုင်းတယ်။ ဒါပေမဲ့ ကျနော်ကတော့ သားကို ကျောင်းမတက်ခိုင်တော့ဘူး။ ပြည်မြို့ဘက်မှာလဲ အရမ်းအဖြစ်များနေတာ အိုမီခရွန်ပဲ ဖြစ်မှာ  အိမ်က သားကလဲ   ၆ တန်းတက်နေတာ စိတ်မချဘူး”လို့ ပြောပါတယ်။

ဆရာမတယောက်က အိမ်မှာနေရင်း ရောဂါကူးစက်ခံရတာဖြစ်ပြီး  ကျောင်းမလာတော့ဘဲ ကျောင်းကို လှမ်းအကြောင်းကြားလိုက်ချိန်မှာ ကျောင်းမှာရှိတဲ့ဆရာတွေကို စစ်ကြည့်ရာမှာ အခုလို ဆရာ ၂ ယောက် နဲ့ ဆရာမ ၁ ယောက်မှာ ပါထပ်ပြီး ရောဂါတွေ့ရှိခဲ့တာပါ။ 

ရောဂါကူးစက်ခံရတဲ့ ဆရာတွေက ပေါင်းတလည်မြို့၊ ချောင်းကောင်းရွာနဲ့ ဒွရွာတွေက ဖြစ်ပြီး သူတို့ကို အိမ်တွေမှာ မိသားစုက စောင့်ရှောက်ထားတယ်လို့သိရပါတယ်။ 

ပေါင်းတလည်အထကမှာ  လတ်တလောကျောင်းတက်နေတဲ့ ကျောင်းသား/သူ ၄၀၀ ကျော်ခန့်ရှိပြီး  အခုလို ရောဂါကူးစက်မှုတွေရှိနေတဲ့ အတွက် ကျောင်းသားမိဘအများစုက ကလေးတွေကို ကျောင်းကိုမပို့ကြတော့ပါဘူး။

ဒါ့အပြင် ပြည်-ပေါင်းတလည်-ပေါက်ခေါင်း ပြေးဆွဲနေတဲ့ ကားဂိတ်မှာလည်း ကိုဗစ်-၁၉ စစ်ဆေးရာမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့မှာ ပိုးတွေ့ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up