နီပေါတွင် အမေရိကန်အကူအညီရယူမှုအပေါ် ဆန္ဒပြ၊ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲ

အမေရိကန်ရန်ပုံငွေနဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်မယ့် အစီအစဉ်ကို နီပေါနိုင်ငံလွှတ်တော်မှာ တနင်္ဂနွေနေ့က အတည်ပြုဖို့ ဆောင်ရွက်နေချိန် ခတ္တမန္ဒူမြို့လယ်မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြပွဲကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ဖြိုခွဲခဲ့ရာမှာ ရဲတွေနဲ့ ထိပ်တိုက်ဖြစ်ခဲ့ပြီး နှစ်ဘက်စလုံး ဒဏ်ရာရခဲ့ပါတယ်။
အမေရိကန် အကူညီပေးရေးအေဂျင်စီတခုဖြစ်တဲ့ The Millennium Challenge Corporation (MCC) က နီပေါမှာ လျှပ်စစ်မီးနဲ့ လမ်းတံတားတွေ ဆောက်လုပ်ဖို့ ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့မှုကို ၂၀၁၇ ကတည်းက သဘောတူထားတာပါ။
အမေရိကန်ရန်ပုံငွေက အတိုးမဲ့ နှောင်ကြိုးမဲ့ပါ။ ဒါပေမဲ့ ကန့်ကွက်သူတွေက နိုင်ငံခြားအကူအညီ တွေက နီပေါရဲ့ ဥပဒေနဲ့ အချုပ်အခြာကို ထိခိုက်စေတယ်ဆိုပြီး ဆန္ဒပြကြတာပါ။
ကန့်ကွက်တာတွေရှိပေမဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာဝန်ကြီးက MCC ရဲ့ သန်း ၅၀၀ ပရောဂျက်ဟာ နီပေါ လူဦးရေ သန်း ၃၀ အနက် ၂၄ သန်းကို အကျိုးဖြစ်စေတယ်လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
နီပေါအစိုးရအနေနဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ အကူအညီတွေကို မှီခိုအားထားနေရတာပါ။