close

အမေရိကန်သမ္မတဟောင်း ထရမ့်၏ ဆိုရှယ်မီဒီယာသစ် စဖွင့်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ဆိုရှယ်မီဒီယာလုပ်ငန်းသစ်ဖြစ်တဲ့ ‘Truth Social’ ကို ဖေဖော်ဝါရီ ၂၁ ရက်က Apple’s App Store မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ 

မနှစ်က ဆိုရှယ်မီဒီယာပလက်ဖောင်း အတော်များများက ဒေါ်နယ်ထရမ့်ရဲ့ အကောင့်ကို ပိတ်ပင်ခဲ့တာကြောင့် ထရမ့်က သူ့ကိုယ်ပိုင် မီဒီယာပလက်ဖောင်းနဲ့ မီဒီယာလောကကို ပြန်ဝင်ရောက်လာတာပါ။

‘Truth Social’ app ကို Apple ကုမ္ပဏီရဲ့  AAPL.O devices ကနေ အလိုအလျောက် ဒေါင်းလုပ် ရရှိနိုင်တယ်လို့ ကြေညာထားပေမဲ့ သုံးစွဲလိုသူတွေ အလွန်များပြားနေတာကြောင့် registration လုပ်ဖို့ ချက်ချင်း ဒေါင်းမရဘဲ စောင့်ဆိုင်းနေကြရပါတယ်။

၂၀၂၁ ဇန်နဝါရီ ၆ ရက်မှာ အမေရိကန်လွှတ်တော်အဆောက်အဦထဲကို ဝင်ရောက်စီးနင်းဖို့ ဒေါ်နယ်ထရမ့်က သူ့ကိုထောက်ခဲ့သူတွေအား ဆိုရှယ်မီဒီယာကနေ လှုံ့ဆော်ခဲ့တာကြောင့် သူ့ရဲ့အကောင့်ကို တွစ်တာ၊ ဖေ့စ်ဘွတ်၊ ဂူဂယ်၊ ယူကျု့ စတဲ့ ဆိုရှယ်မီဒီယာတွေက ပိတ်ပင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up