close

မဲခိုးခံရမှုကြောင့် ရှုံးနိမ့်ရသည်ဆိုသော ထရမ့်၏စွပ်စွဲမှု မှားယွင်းကြောင်း ဒုသမ္မတဟောင်း ဝေဖန်

သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအခိုးခံရလို့ ရှုံးနိမ့်ခဲ့ရတယ်ဆိုပြီး စွပ်စွဲနေတာ မှားယွင်းကြောင်း ထရမ့်ရဲ့ ဒုသမ္မတဟောင်း မိုက်ပန့်စ်က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ 

မိုက်ပန့်စ်က မဲရလဒ်တွေကို ကွန်ဂရက်မှာ ဒုသမ္မတက ပြောင်းလဲပေးနိုင်မယ်လို့ ထရမ့်တွေးခဲ့တာ လုံးဝ မှားယွင်းကြောင်း ပြောဆိုပါတယ်။ 

ဖလော်ရီဒါပြည်နယ် ကွန်ဆာဗေးတစ် Federalist Society အဖွဲ့ကို ဒုသမ္မတဟောင်းက မိန့်ခွန်းပြောရာမှာ “သမ္မတထရမ့် လုံးဝမှားနေပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လုပ်ပစ်ဖို့ ကျနော့်မှာ လုပ်ပိုင်ခွင့်မရှိပါဘူး။ သမ္မရာထူးကို ရွေးချယ်နိုင်တာ အမေရိကန် ပြည်သူတွေပါ။ အမေရိကန်ပြည်သူတွေသာ သမ္မတကို ပိုင်ဆိုင်တယ်၊ ခန့်အပ်နိုင်တယ်။ တခြား ဘယ်သူကမှ ရွေးချယ်လို့ မရဘူး” လို့ ပြောပါတယ်။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ပြိုင်ဘက် ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ပြီးနောက်၊ ထရမ့်က ကွန်ဂရက်မှာ ရွေးကောက်ပွဲအနိုင်ရလဒ်ကို အတည်မပြုပေးဖို့နဲ့ အာဏာလွှဲမပေးဖို့ ဒုသမ္မတမိုက်ပန့်စ်ကို ဖိအားပေးခဲ့တာပါ။ 

၂၀၂၁ ဇန်နဝါရီ ၆ ရက် ကွန်ဂရက် Capitol ကို ဝင်စီးခဲ့တဲ့ ထရမ့်အား ထောက်ခံသူတွေက မိုက်ပန့်စ်ကို ကြိုးစင်တင်ဖို့အထိ စီမံခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up