ဘန်ကောက်သွားရန် အသီးအရွက်ကားထဲလိုက်လာသည့် မြန်မာအလုပ်သမား ၁၅ ဦးအဖမ်းခံရ




မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း ထိုင်းနိုင်ငံ တာခ်ရိုင် မဲဆောက်မြို့ကနေ ဘန်ကောက်ကို ပို့ဆောင်ဖို့ အသီးအရွက်များကြား ဝှက်သည်လာတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က မဲဆောက်မြို့အထွက် ၃ မိုင်ခန့်အကွာ ထိုင်းဌာနဆိုင်ရာ စုပေါင်းဂိတ်မှာ တာဝန်ရှိသူတွေက စစ်ဆေးစဉ် လူကုန်ကူးသူတွေက ကားပေါ် အပြင်ဘက်ပိုင်း ဟင်းသီးဟင်းရွက်တွေ ကာရံပြီး အတွင်းပိုင်းမှာ တရားမဝင် မြန်မာအလုပ်သမား ၁၅ ဦး သယ်ဆောင်တာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖမ်းဆီးရမိသူတွေကို ကိုဗစ်-၁၉ စစ်ဆေးပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်ဖို့ မဲဆောက်မြို့မရဲစခန်းကို အပ်နှံခဲ့တယ်လို့ သိရပါတယ်။