ဆော်ဒီမြို့တော်နှင့် ဘန်ကောက်မြို့ကြား တိုက်ရိုက်လေကြောင်းပြေးဆွဲမည်

ဆော်ဒီအာရေဗျနိုင်ငံမြို့တော် ရီယက်ဒ်နဲ့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အကြား တိုက် ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲသွားဖို့ ရှိနေတယ်လို့ ထိုင်းအဲဝေးစ်အင်တာနေရှင်နယ်လ် က ပြောပါတယ်။
ဒီခရီးစဉ်ကိုတော့ အခုလာမယ့် မေလထဲမှာ ပြေးဆွဲသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံ မြို့ပြလေ ကြောင်း အာဏာပိုင်ဆီ တင်ပြထားတယ်လို့ ထိုင်းအဲဝေးစ်အင်တာနေရှင်နယ်လ်လေကြောင်းလိုင်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် နွန့်ဒ် ကာလင်တာက ပြောပါတယ်။
ဒါဟာ ထိုင်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေကြား သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန် လည်ထူထောင်ဖို့ ၂ နိုင်ငံသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက်မှာ လုပ်ဆောင် သွားမှာဖြစ်ပြီး ပျံသန်းမှုအကြိမ်ရေကို ဆုံးဖြတ်နိုင်ဖို့အတွက်တော့ ပြည်တွင်းခရီးသည်နဲ့ ကုန်တင်ယာဉ်အသွားအလာ အလားအလာတွေကို အကဲဖြတ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (တီအေတီ)ကလည်း ဆော်ဒီခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ခရီးသွားစျေးကွက်ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာပါ။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံကို လာရောက်ခဲ့ကြတဲ့ ဆော်ဒီနိုင်ငံသား ၃၃,၅၁၇ ယောက်ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၂၈,၃၃၄ ယောက်ထိ ကျဆင်းသွားခဲ့တယ်လို့ ဆို ပါတယ်။ ၂၀၂၀ ပြည့်နှစ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွေမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ၄,၁၂၅ ယောက်နဲ့ ၄၆၇ ယောက်ထိ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။
ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (တီအေတီ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရူသဆက် ဆူပါဆွန်ကတော့ အေဂျင်စီအနေနဲ့ အရှေ့အလယ်ပိုင်း အဓိကလေကြောင်းလိုင်း ၃ ခုဖြစ် တဲ့ Emirates Airlines ၊ Qatar Airlines နဲ့ Etihad Airways တွေနဲ့ ပူးပေါင်းပြီးတော့ ခရီး သွားလုပ်ငန်းကဏ္ဍဆိုင်ရာ ကမ်ပိန်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ဆင်ဟွာသတင်းတပုဒ်မှာတော့ ဆော်ဒီအာရေဗျနိုင်ငံဟာ အခုနှစ်ထဲမှာ သူတို့ရဲ့ ခရီးစဉ် သစ် ၁၀ ခုတိုးချဲ့ဖို့ ရှိနေပြီး အဲဒီထဲမှာ ဘန်ကောက်၊ ဘေဂျင်း၊ ဘာစီလိုနာ၊ မာလာဂါ၊ မာရကက်ရှ်၊ မော်စကို၊ ဆိုးလ်၊ အင်တက်ဘီ၊ အမ်စတာဒမ်နဲ့ ချီကာဂိုမြို့တွေ ပါဝင်နေတယ် လို့ ဆိုပါတယ်။
ဆော်ဒီဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားချက်အရ ဘန်ကောက်နဲ့ မြို့တော် ရီယက်ဒ်ကြား တိုက်ရိုက်ခရီးစဉ်ကို လာမယ့် မေ ၂၂ ရက်မှာ စတင်မယ်လို့ ဆိုပါတယ်။