ဂျာမနီတွင် ရုရှားကျူးကျော်စစ်ဆန့်ကျင်ရေး လူ ၁ သိန်းကျော် ဆန္ဒပြ

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရုရှားရဲ့ စစ်ရေးကျူးကျော်စစ်ကို လူ ၁ သိန်းကျော် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဘာလင်မြို့ ရုရှားသံရုံးအနီး လူ ၁ သိန်းကျော်က ယူကရိန်းနဲ့အတူ ညီညွတ်မှုရှိကြောင်း ပြသခဲ့ကြပြီး မြေအောက်ရထားတွေလည်း ရပ်ထားခဲ့ရပါတယ်။
ဆန္ဒပြသူတွေက “ပူတင် စစ်ပွဲကို ရပ်ပါ၊ ယူကရိန်းနဲ့အတူ ငါတို့ရှိတယ်” ဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင်ခဲ့ပြီး ယူကရိန်းအလံတွေ၊ ဥရောပသမဂ္ဂအလံတွေ ဝှေ့ယမ်းပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေဟာ 17.Juni လမ်းနဲ့ ဘရန်ဒါဘတ်ဂ် ဂိတ်တို့ကို ချီတကခဲ့ကြပါတယ်။ 17.Juni လမ်းဟာ အရှေ့ဂျာမနီမှာ ၁၉၅၃ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ ကွန်မြူနစ်အစိုးရကို ပုန်ကန်ခဲ့မှုဖြစ်ပွားပြီးနောက် ပေးထားတဲ့ နာမည်ပါ။