close

ကိယက်ဗ်မြို့တော်ရှိ ရုပ်သံတာဝါတိုင်ကို ရုရှားတိုက်ခိုက်၊ ၅ ဦးသေဆုံး

ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ရှိ ရုပ်သံလွှင့်တာဝါတိုင်ကို မတ်လ ၁ ရက်မှာ ရုရှားက တိုက်ခိုက်ခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

တာဝါတိုင်အဆောက်အဦကို မီးသတ်သမားတွေ မီးငြှိမ်းသတ်နေရတဲ့ ဗီဒီယိုကိုလည်း ပြသခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် ရုပ်သံထုတ်လွှင့်မှုတချို့လည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ရုရှားတပ်တွေ ယူကရိန်းလုံခြုံရေးဌာနတွေနဲ့ ဆက်သွယ်ရေးနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ကြေညာထားတာပါ။

ကိယက်ဗ်မြို့ လုံခြုံရေးအပြည့်ယူထားတဲ့ အစိုးရဝင်းတခုကနေ သမ္မတဇလန်းစကီးက “ရုရှားက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရိုးရိုးသားသားလုပ်ဖို့ ရှိတယ်ဆိုရင် ပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်ပါ” လို့ ပြောပါတယ်။ 

စီအန်အန်သတင်းဌာနရဲ့ အင်တာဗျူးကို ဖြေကြားရာမှာ ဇလန်းစကီးက ရုရှားလေကြောင်းထိုးတိုက်ခိုက်မှုကို ရပ်ဖို့ နေတိုးအဖွဲ့ဝင်တွေအနေနဲ့ no-fly zone အမြန်ဆုံး အရေးယူပေးပါလို့ တောင်းဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up