ရုရှားဘဏ်များနှင့် ATM စက်များတွင် ငွေထုတ်ယူရန် တန်းစီသူ ပိုများလာ

အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုက ရုရှားဘဏ်တွေအပေါ် သက်ရောက်မှု များလာတာကြောင့် မော်စကိုမြို့ ATM စက်တွေရှေ့မှာ ငွေထုတ်ဖို့ တန်းစီစောင့်ဆိုင်းသူတွေ ပိုများလာပါတယ်။
ရုရှား ရူဘယ်ငွေတန်ဖိုးလည်း သုံးပုံတပုံ စံချိန်တင် ထိုးကျဆင်းသွားပြီးနောက် လူတွေက အပ်ငွေတွေ စိုးရိမ်တကြီး ပြန်ထုတ်နေကြတာပါ။
ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလီမာရေးကလည်း မတ်လ ၁ ရက်နေ့က ရုရှားကို ဘဏ္ဍာရေးစစ်ပွဲ စတင်မယ်လို့ ကြေညာပြီး ရုရှားနဲ့ လုပ်ကိုင်ထားတဲ့ စီးပွားရေးအားလုံး ပြန်ရုပ်သိမ်းဖို့ အမိန့်ထုတ်ထားတယ်လို့ ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။
ရုရှားဘဏ်တွေ နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက်မှ ဖယ်ရှားခံရပြီး ရုရှားဗဟိုဘဏ်ရှိ ရွှေတွေနဲ့ နိုင်ငံခြားအရန်ငွေတွေ ထိန်းချုပ်မိနေပါတယ်။
ATM စက်တချို့မှာ ငွေကုန်နေပြီး ထုတ်ဖို့ ခက်ခဲလာတဲ့အတွက် မော်စကိုမြို့ခံတွေက သူတို့ငွေကို အစိုးရက ပိတ်ပစ်မှာ စိုးရိမ်နေပါတယ်။ ဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ApplePay နဲ့ GooglePay တို့ကို အသုံးပြုမရတော့တဲ့အတွက် နေ့စဉ် ငွေပေးချေမှု၊ ငွေလွှဲမှုတွေအတွက် လူတွေ ဒုက္ခကြုံနေပါတယ်။