close

နယူးဇီလန်လွှတ်တော်အနီး မီးလောင်ကျွမ်း

နယူးဇီလန်နိုင်ငံ လွှတ်တော်အဆောက်အအုံနဲ့ မီတာအနည်းငယ်ဝေးတဲ့ နေရာအတော်များများမှာ မတ် ၂ ရက်က မီးတွေ လောင်ခဲ့ပါတယ်။

ကာကွယ်ဆေး မဖြစ်မနေထိုးရမယ့်ကိစ္စ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း မီးလောင်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ် ၃ ပတ်လုံး ဆန္ဒပြသူတွေက မြို့တော်ကို နှောင့်ယှက်နေခဲ့ပါတယ်။

ဆန္ဒပြသူတွေက မီးပုံထဲကို လောင်စာတွေ ပစ်ထည့်ရင်း ရဲတွေကိုလည်း ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။

အာဏာပိုင်တွေက လွှတ်တော်ပြင်ပက ဆန္ဒပြသူတွေရဲ့ စခန်းတွေကို ဖြုတ်ရွှေ့ပြီး ကားတွေကို ဆွဲယူသွားခဲ့အပြီးမှာ အလွဲသုံးစားလုပ်တယ်လို့ ဆန္ဒပြသူတွေက အော်ဟစ်ခဲ့ကြပါတယ်။

"ဒါဟာ ရှေ့တန်းကရဲတွေကို တိုက်ခိုက်တာ၊ လွှတ်တော်ကို တိုက်ခိုက်တာ၊ ကျမတို့ရဲ့ တန်ဖိုးကို တိုက်ခိုက်တာပဲ၊ ဒီလုပ်ရပ်က မှားတယ်" လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လူအယောက် ၆၀ လောက်ကို ဖမ်းထားတယ်လို့ ရဲက အစောပိုင်းမှာ ပြောပါတယ်။ အရာရှိ ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပေမယ့် မြို့တော် ဝယ်လင်တန်က ဆန္ဒပြသူတွေကို ရှင်းလင်းဖို့ ကနဦး အားထုတ်မှုတွေဟာ အရေးပါတဲ့အဆင့်ကို ရောက်ခဲ့တယ်လို့လည်း ရဲက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up