close

ရုရှားတပ်များ ပြန်ရုပ်သိမ်းရန် ကုလညီလာခံ၌ နိုင်ငံအများစု ထောက်ခံမဲပေး

ကုလသမဂ္ဂ အထွေထွေညီလာခံက ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုအတွက် ရုရှားကို ပြစ်တင်ရှုတ်ချဖို့ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခဲ့ပြီး နိုင်ငံအများစုက ထောက်ခံမဲ ပေးခဲ့ပါတယ်။

ရုရှားအစိုးရအနေနဲ့ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့၊ စစ်တပ်တွေ ပြန်ရုပ်သိမ်းထွက်ခွာဖို့ ဆုံးဖြတ်ချက်က တောင်းဆိုထားပါတယ်။ ရုရှားကို သံတမန်နည်းနဲ့ အထီးကျန်အောင် အရေးယူဖို့လည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ခေါ်ယူတဲ့ ရှားရှားပါးပါး အရေးပေါ် အစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၄၁ နိုင်ငံက ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့တာပါ။

တရုတ်အပါအဝင် ၃၅ နိုင်ငံက မဲပေးဖို့ ရှောင်ရှားပြီး ရုရှား၊ ဆီးရီးယားနဲ့ ဘီလာရုစ်တို့က ကန့်ကွက်မဲ ပေးပါတယ်။

ဆုံးဖြတ်ချက် စာသားတွေထဲမှာ “ရုရှား၏ ယူကရိန်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်မှုကို လုံးဝ ရှုတ်ချသည်” လို့ ဖော်ပြထားပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အတိုင်းအဆ အဓိပ္ပာယ် ကျယ်ပြန့်ပြီး နိုင်ငံရေးအင်အားပါဝါ ရှိပါတယ်။

မဲခွဲဆုံးဖြတ်မှုမတိုင်မီ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ် ဆာဟီ ကစ်စ်လေတာက မိန့်ခွန်းပြောရာမှာ “ယခုဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးတဲ့ နိုင်ငံတိုင်းရဲ့ မဲဟာ ကုလသမဂ္ဂ ပဋိညာဉ်ကို သမိုင်းဝင် ပြန်လည် အတည်ပြုပေးခြင်း ဖြစ်ပါတယ်။ အခုလို စစ်ဖြစ်နေတဲ့အချိန်မှာ လူကြီးမင်းတို့အနေနဲ့ ငြိမ်းချမ်းရေး ပြန်ရရှိဖို့အတွက်၊ ကုလသမဂ္ဂ ပဋိညာဉ် ပြန်လည်အသက်ဝင်ရေးအတွက် ထောက်ခံမဲ ပေးလိုက်ပါ။ လုပ်ရမှာ အလွန်လွယ်ပါတယ်၊ ထောက်ခံမဲလေး ပေးလိုက်ရုံပါ” လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up