close

ယူကရိန်းနယ်စပ်အနီး စစ်ရေးလေ့ကျင့်နေသည့်တပ်ချို့ အခြေစိုက်စခန်းများသို့ပြန်ပြီဟု ရုရှား ပြော

ယူကရိန်းနယ်စပ်အနီးမှ ရုရှားတပ်အချို့ စစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီးနောက် အခြေစိုက်စခန်းတွေ ရှိရာကို ပြန်နေပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်မှာ ကြေညာပါတယ်။ 

ရုရှားနိုင်ငံတဝန်း အကြီးစားစစ်‌ရေး‌လေ့ကျင့်မှုတွေ ဆက်လုပ်နေဦးမှာဖြစ်ပေမဲ့၊ ယူကရိန်းနဲ့ ကပ်လျက်ရှိတဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်ရှိ တပ်ဖွဲ့အချို့ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးခဲ့တာကြောင့် အခြေစိုက်စခန်းတွေကို ပြန်နေပြီလို့ ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကော့က ပြောခဲ့တာပါ။ 

တင့်ကားတပ်ဖွဲ့တွေ စခန်းကိုပြန်မောင်းသွားတဲ့ ဗွီဒီယိုကိုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်ပါတယ်။

ဂျာမနီသမ္မတ ဖရန့်ခ် ဝေါလ်တာ စတိုင်မိုင်ယာက ရုရှားတို့ နောက်ဆုတ်သွားပြီလို့ ပြောဖို့ စောသေးကြောင်း မှတ်ချက်ပေးပါတယ်။ 

ယူကရိန်းသမ္မတ ဇယ်လန်းစကီးကလည်း ဖေဖော်ဝါရီ ၁၆ ရက်နေ့ဟာ ရုရှားတို့ စတင်တိုက်ခိုက်လာနိုင်တဲ့နေ့ ဖြစ်နိုင်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့ တနိုင်ငံလုံးကို တပ်လှန့်ထားပြီး၊ ညီညွတ်မှုပြသဖို့နဲ့ နိုင်ငံတော်အလံတွေ အိမ်တိုင်းလွှတ်ထူထားဖို့ နှိုးဆော်ထားတာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up