“မဟာမိတ်တွေကို ကာကွယ်ဖို့ ဆုံးဖြတ်ထားပြီးပြီ” – ဂျာမန်ကာကွယ်ရေးဝန်ကြီး

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ခရစ်စတင်းနား လန်ဘရပ်ရှ်ထ်ဟာ ရိုမေးနီးယားနိုင်ငံက လေတပ် အခြေစိုက်စခန်းကို မတ်လ ၂ ရက်က သွားရောက်လည်ပတ်ပါတယ်။
နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ လေကြောင်းရဲတပ်ဖွဲ့ စစ်ဆင်ရေးကို ပံ့ပိုးဖို့ ရိုမေးနီးယား လေတပ် အခြေစိုက်စခန်းဆီကို ဂျာမန်အစိုးရက တိုက်လေယာဉ်တွေ စေလွှတ်ထားတာပါ။
“အစွန်းရောက် ခက်ခဲတဲ့အချိန်မှာ ကျမတို့ အခုအတူတူ အလုပ်လုပ်နေပါတယ်။ စစ်သည်တွေကို တပ်ချဖို့ အင်မတန်တိုတောင်းတဲ့ အချိန်ပဲ ရထားတယ်။ ဒါပေမယ့် ဒါဟာ နေတိုးက ပေးဖို့လိုတဲ့ လက္ခဏာပဲ။ ကျမတို့ ပြင်ဆင်ပြီးပြီ၊ ကောင်းကောင်း နေရာယူပြီးပြီ၊ မဟာမိတ်တွေကို ကာကွယ်ဖို့ ဆုံးဖြတ်ထားပြီးပြီ၊ ၁ မီလီမီတာတောင် နောက်ဆုတ်ပေးမှာ မဟုတ်ဘူး” လို့ ဂျာမန် ကာကွယ်ရေးဝန်ကြီးက အခြေစိုက်စခန်းမှာ ပြောပါတယ်။
စခန်းမှာ ယူရိုဖိုက်တာ အမျိုးအစား တိုက်လေယာဉ် ၆ စီး တပ်ချထားပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ချိန်မှာ ဂျာမနီဟာ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၂ ရာခိုင်နှုန်းထက်ပိုပြီး ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်မယ်လို့ သီတင်းပတ်ကုန်ရက်က ကြေညာခဲ့ပါတယ်။