လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် ယူကရိန်းတောင်းဆိုမှု နေတိုး ပယ်ချ

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ နျူကလီးယားခြိမ်းခြောက်မှုကို ကာကွယ်ဖို့ ယူကရိန်းအစိုးရရဲ့ လေယာဉ်မပျံသန်းရဇုန် (no-fly zone) တောင်းဆိုမှုကို ဆွေးနွေးဖို့ နေတိုးအဖွဲ့အဝင် နိုင်ငံခြားရေးဝန်ကြီးတွေ မတ်လ ၄ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
ရုရှားရဲ့အိမ်နီးချင်း ဖင်လန်နဲ့ ဆွီဒင်တို့က နေတိုင်းအဖွဲ့ဝင် မဟုတ်ပေမဲ့ အစည်းအဝေးကို ဖိတ်ကြားခံခဲ့ရပါတယ်။
ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် no-fly zone ဆောင်ရွက်ပေးဖို့ မဖြစ်နိုင်သေးကြောင်း အစည်းအဝေးက မရေမရာ ဆုံးဖြတ်ခဲ့ပြီးနောက် အဖွဲ့ဝင်နိုင်ငံ ၃၀ မှ နိုင်ငံခြားရေးဝန်ကြီးများနဲ့ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။