ယူကရိန်းအတွက် WHO ၏ ဆေးဝါးအထောက်အပံ့ ပိုလန်နိုင်ငံ ရောက်ရှိ

ယူကရိန်းနိုင်ငံအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ပံ့ပိုးတဲ့ ဆေးဝါးအထောက်အပံ့တွေ ပိုလန်နိုင်ငံ ဝါဆောမြို့ကို မတ်လ ၃ ရက် ရောက်လာပါပြီ။
ဒီဆေးဝါးအထောက်အပံ့တွေကို ယူကရိန်း ကျန်းမာရေးစနစ် တိုးမြှင့်ဖို့ ယူကရိန်းနိုင်ငံထဲမှာ ဖြန့်ဖြူးပေးမှာပါ။
ပထမဆုံး တင်ပို့လိုက်တဲ့ ပစ္စည်းတွေထဲမှာ လူနာအယောက် ၁,၀၀၀ အတွက် အရေးပေါ် ခွဲစိတ်ကုသရေး ပစ္စည်းတွေနဲ့ စိတ်ဒဏ်ရာသမား ပြုစုရေး အထောက်အကူပြုပစ္စည်းတွေ ၃၆ မက်ထရစ်တန် ပါပါတယ်။ ဒါ့အပြင် တခြားရောဂါတွေအတွက် ဆေးဝါးတွေလည်း ပါပါတယ်။
လိုအပ်နေတဲ့သူတွေဆီကို လူသားချင်း စာနာမှုဆိုင်ရာ လုပ်သားတွေနဲ့ အထောက်အပံ့တွေ ဘေးကင်းကင်းနဲ့ အဆက်မပြတ်ရောက်ဖို့ လက်လှမ်းမီရေး သေချာစေဖို့ WHO က တိုက်တွန်းထားပါတယ်။
ဒီအထောက်အပံ့တွေကို ယူကရိန်းနယ်စပ်ဆီ ကုန်ကားတွေနဲ့ တင်ပို့ပြီး သက်ဆိုင်ရာ ကျန်းမာရေးစနစ်အတွက် ထောက်ပံ့မယ်လို့ WHO အရေးပေါ်ဆေးအဖွဲ့ ခေါင်းဆောင် ဖလာဗီယို ဆာလီယိုက ပြောခဲ့ပါတယ်။