close

နွေဦးထီသိန်း ၁၀၀ ကံထူးရှင်က ဒေါ်လာ ၁၀၀၀ တန် NUG ငွေတိုက်စာချုပ် ၃ စောင်ဝယ်ယူ

အောင်လံလွှင့်ချီနွေဦးထီဖွင့်ပွဲမှာ ကျပ်သိန်း ၁၀၀ ကံထူးရှင်တယောက် ထွက်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ သူရရှိတဲ့ ဆုကြေးငွေတွေထဲက ကျပ် ၂၄ သိန်းခွဲကို ပြန်လည်လှူဒါန်းခဲ့ပြီး အထူးငွေတိုက်စာချုပ် ဒေါ်လာ ၁၀၀၀ တန် ၃ စောင်ကို ဝယ်ယူသွားခဲ့တယ်လို့ သိရပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွက် “အောင်လံလွှင့်ချီ နွေဦးထီ”မှာတော့ သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၅၃ ဆုကို ချီးမြှင့် နိုင်ခဲ့တာပါ။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်း ချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွက် နွေဦးထီ ကျပ်သိန်း ၁၀၀ ကံထူးရှင်ကတော့ သူရရှိတဲ့ ဆုမဲငွေ သိန်း ၁၀၀ ကျပ်လုံးကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလအတွက် နွေဦးထီကျပ်သိန်း ၁၀၀ ကံထူးရှင်ကလည်း သူရရှိတဲ့ ဆု ကြေးငွေတွေထဲက ကျပ် ၁၀ သိန်းကို ပြန်လည်လှူဒါန်းခဲ့ပြီး အထူးငွေတိုက်စာချုပ် ဒေါ် လာ ၁၀၀၀ တန်ကို ဝယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အား ပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့  အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up