ယူကရိန်းကို လေကြောင်းမှတိုက်ခိုက်နေပုံရုပ်သံ ရုရှား ထုတ်လွှင့်

6
ရုရှားတိုက်လေယာဉ်တွေက လေကြောင်းကနေ ယူကရိန်းကို တိုက်ခိုက်နေပုံ ရုပ်သံတွေကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၆ ရက်မှာ ပြသလိုက်ပါတယ်။
ရုရှားလေကြောင်းတိုက်ခိုက်ရေးက ယူကရိန်းစစ်တပ် အခြေခံအဆောက်အဦတွေကို အောင်အောင်မြင်မြင် ဖျက်ဆီးခဲ့ပြီလို့လည်း ရုပ်သံနဲ့အတူ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဒီရုပ်သံကို ဘယ်အချိန်က မှတ်တမ်းတင်ထားတာလဲ ဆိုတာကို ဝန်ကြီးဌာနက မပြောပါဘူး။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာ မတ်လ ၇ ရက်မှာ ၁၂ ရက်မြောက်နေ့ပါ။ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေကြား လာမယ့်သီတင်းပတ်အစောပိုင်းမှာ နောက်တကြိမ် ဆွေးနွေးမယ်လို့ မျှော်လင့်ထားပါတယ်။