ကိယက်ဗ်မြို့သို့စစ်ချီလာသည့် ရုရှားတပ်များကို ယူကရိန်းအမြောက်တပ်က အသေခံကာကွယ်

ယူကရိန်းမြို့တော် ကိယက်ဗ်မြို့မြောက်ပိုင်းကို အဝေးပြေးလမ်းတလျှောက် စစ်ချီလာတဲ့ ရုရှားစစ်ယာဉ်တန်းတွေကို ယူကရိန်းအမြောက်တပ်ဖွဲ့က ပြန်လည်ပစ်ခတ်တိုက်ခိုက်နေပါတယ်။
ပင်လယ်နက်ဘက်ကနေ အရှေ့နဲ့ အနောက်က ညှပ်ဝင်လာတဲ့ ရုရှားတပ်တွေကတော့ ရက်အတန်ကြာ ရပ်တန့်နေရပြီးနောက် ခရီးပေါက်လာပါတယ်။
ယူကရိန်းအမြောက်တပ်က ငါတို့ကလေးတွေအတွက် ကျူးကျော်ရန်သူကို အသေခံ ခုခံသွားမယ်လို့ ပြောပါတယ်။ အမြောက်တပ်သားတဦးက “ငါတို့ကလေးတွေကို ကာကွယ်ပေးနေတာ” လို့ ပြောပါတယ်။
ရုရှားကျူးကျော်စစ်ပွဲစတင်တဲ့ ၁၀ ရက်ကျော်အတွင်း ရုရှားတပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပြီး ယူကရိန်းတပ်သား ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့သတင်းတွေထွက်နေပေမဲ့ သေဆုံးဒဏ်ရာရသူတွေ အရေအတွက်ကတော့ နှစ်ဖက်ထုတ်ပြန်ချက်တွေမှာ ကွဲလွဲမှုရှိနေပါတယ်။