close

ပဲခူးရိုးမသို့ ဖြတ်သန်းသွားလာမှုမလုပ်ရန် တောင်ငူခရိုင် PDF သတိပေး

ပဲခူးတိုင်း၊  တောင်ငူခရိုင်၊ ပဲခူးရိုးမထဲမှာ PDF တွေကို စစ်ကောင်စီဘက်က ဒေသခံပုံစံတွေနဲ့ လိုက်လံစုံစမ်းနေတာကြောင့် မတ်လ ၈ ရက်နေ့ကစပြီး ပဲခူးရိုးမကို ဖြတ်သန်းခွင့်မပြုတော့ဘူးလို့ တောင်ငူခရိုင် PDF အဖွဲ့က အများပြည်သူသို့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ပဲခူးရိုးမထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံတွေပုံစံအသွင်ယူပြီး PDF တွေနဲ့ PDF အခြေစိုက်စခန်းတွေကို လိုက်လံစုံစမ်းနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ဒလန်တွေကို နှိမ်နင်းတော့မှာဖြစ်လို့ သာမန်ပြည်သူတွေ အထိအခိုက်မဖြစ်စေဖို့အတွက် အခုလို အမိန့်ထုတ်ပြန်လိုက်ရတာလို့ တပ်ရင်းအမှတ် ၃၅၀၁၊ ဘုရင့်နောင်တပ်ရင်းက တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၄ ရက်က ပဲခူးရိုးမပေါ် တောင်ငူမြို့အနောက်ဘက် ၈ မိုင်ခန့်အကွာ ဝက်ခေါက်စိန်ကျေးရွာ နတ်ရေတွင်းကျေးရွာအနီး ရကိုင်းချောင်းရိုးတလျှောက် ခြေလျင်တပ် အပါအ၀င်၊ စစ်ကား ၃ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၈၀ လောက်ကို    ပဲခူးတိုင်းအခြေစိုက် PDF အဖွဲ့တဖွဲ့က မိုင်းထောင်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်သားတွေက  ချက်ချင်းဆိုသလို အင်အားရာချီနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို အားဖြည့်ရောက်ရှိလာပြီး ပတ်၀န်းကျင်ကျေးရွာတွေနဲ့ တောတောင်ထဲကို နင်းပြီး PDF တွေကို ရှာဖွေခဲ့ကြတာပါ။

ဒါပေမဲ့ ရှာမတွေ့တဲ့အတွက် သစ်မှောင်ခိုခုတ်နေသူတွေကိုလည်း သတင်းပေးအဖြစ်မွေးပြီး PDF တွေကို ခြေရာခံခိုင်းနေတာကြောင့် အခုလို မတ် ၈ ရက်နေ့ကစပြီး၊ ပဲခူးရိုးမအတွင်းကို ပြည်သူတွေ မဖြတ်သန်းဖို့အတွက် အခုလို အမိန့်ထုတ်ပြန်လိုက်တာလို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up