close

လတ်ဗီယာနိုင်ငံအတွင်း နေတိုးတပ်ဖွဲ့များ အမြဲတမ်း တပ်ချထားစေလို

ရုရှားက ယူကရိန်းကို ကျူးကျော်အပြီးမှာ  လတ်ဗီယာနိုင်ငံထဲမှာ မြောက်အတ္တလန္တိတ် စစ်ရေး မဟာမိတ်အဖွဲ့ (နေတိုး)က အမြဲတမ်းတပ်ချထားဖို့ လတ်ဗီယာ နိုင်ငံခြားရေးဝန်ကြီး အက်ဂါစ် ရင်ကေဗစ်ခ်စ်က မတ်လ ၇ ရက်မှာ ဆော်ဩလိုက်ပါတယ်။

လတ်ဗီယာအစိုးရဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ပတ်သက်ပြီး ထင်ယောင်ထင်မှား မရှိသလို ရုရှားအစိုးရ ပြောင်းလဲလာမယ်လို့ ယုံစရာ အကြောင်းပြချက်လည်း မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်နဲ့ ရီဂါမြို့က အစည်းအဝေးအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘလင်ကန်ကလည်း ယူကရိန်းအရေးနဲ့ပတ်သက်ပြီး လေယာဉ် မပျံသန်းရဇုန် အကောင်အထည်ဖော်ရေး အမေရိကန်ရဲ့ ဆန့်ကျင်မှုကို ထပ်ပြီး ပြောပါတယ်။

တကယ်လို့ မပျံသန်းရဇုန် သတ်မှတ်ခဲ့ရင် နေတိုးအဖွဲ့ဝင် နိုင်ငံတွေနဲ့ ရုရှားကြား ပိုကျယ်ပြန့်တဲ့ ပဋိပက္ခတွေ ပေါ်လာမယ့်ဘေးကို ရင်ဆိုင်ရနိုင်တယ်လို့လည်း ဘလင်ကန်က ပြောပါတယ်။

မပျံသန်းရဇုန် သတ်မှတ်ချက်ဟာ တကယ်လို့ စစ်က ယူကရိန်းကို ကျော်လွန်ကူးစက်သွားခဲ့ရင် ယူကရိန်းပြည်သူတွေရဲ့ အကျိုးစီးပွားအပါအဝင် ဘယ်သူ့အတွက်မှ အကျိုးစီးပွား မရှိဘူးလို့လည်း ဘလင်ကန်က ပြောပါတယ်။

ဥရောပသမဂ္ဂ အပါအဝင် ဒေသတွင်း တခြားနိုင်ငံတွေဟာ ရုရှား ရေနံနဲ့ ဓာတ်ငွေ့တွေကို မှီခိုမှု လျှော့ချရေးကို ထိပ်တန်းဦးစားပေးအနေနဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့ လတ်ဗီယာ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ခုချိန်ထိ ကုန်သွယ်ရေးဒဏ်ခတ်တဲ့စာရင်းထဲမှာ မပါသေးတဲ့ ရုရှားရဲ့ စွမ်းအင်တင်ပို့မှုကိုပါ ဒဏ်ခတ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန် အစိုးရက ပြောအပြီး မတ်လ ၇ ရက်က ကမ္ဘာ့ရှယ်ယာစျေးနှုန်း ကျဆင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up