close

၂၀၂၂ ခုနှစ် Mister Global ပြိုင်ပွဲယှဉ်ပြိုင်ရန် အလှမောင် မျိုးထွဋ်နိုင် ထိုင်းသို့ ရောက်ရှိ

အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် ခုနှစ် Mister Global အလှမောင်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံတကာ အလှမောင်တွေနဲ့အတူ မြန်မာအလှမောင် မျိုးထွဋ်နိုင်က ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

ဒီပြိုင်ပွဲကတော့ Big Male Pageant တွေထဲတခုအပါအဝင်ဖြစ်ပြီး ၂၀၁၄ ခုနှစ်က စတင် ကျင်းပခဲ့ကာ အခုနှစ်မှာတော့ ၇ ကြိမ်မြောက်အနေနဲ့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Mister Global 2014 ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံမှ အလှမောင် မြတ်သူရလွင်က Winner ဆုကို ဦးဦးဖျားဖျား ရရှိခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်မှာတော့ မင်းလူလူက Top 15 အဆင့်ထိ ရောက်ရှိခဲ့ကာ ၂၀၁၆ ခုနှစ် အလှမောင် လင်းမောင်က Top 10 အဆင့်၊ ၂၀၁၇ ခုနှစ် အလှမောင် ပိုင်စိုးထွန်းက Top 16 အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဒီပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up