close

ချဲလ်ဆီးနှင့် တနှစ်ပေါင်သန်း ၄ဝ တန် စာချုပ်ကို ဂျာစီစပွန်ဆာ Three ရပ်ဆိုင်း

ဗြိတိန်ဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Three ဟာ ချဲလ်ဆီးပိုင်ရှင်အေဗရာမိုဗစ်ကို အရေးယူတဲ့အနေနဲ့ အသင်းနဲ့ တစ်နှစ် ပေါင်သန်း ၄၀ တန် ဂျာစီစပွန်စာချုပ်ကို ရပ်ဆိုင်းခဲ့ပါတယ်။ 

ရုရှားလူမျိုး စီးပွားရေးလုပ်ငန်းရှင် အေဗရာမိုဗစ်ကို ဗြိတိန်နိုင်ငံက အရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ တခြားစီးပွားရေးကုမ္ပဏီတွေကလည်း ဆက်ပြီး အရေးယူမှုတွေ ပြုလုပ်ဖို့ရှိပါတယ်။ 

Three ဟာ ချဲလ်ဆီးအသင်းဂျာစီရဲ့ ရင်ဘတ်စပွန်ဆာအဖြစ် တနှစ်ကို ပေါင်သန်း ၄၀ နဲ့ ၂၀၂၃  ခုနှစ်အထိ ကူညီပံ့ပိုးပေးဖို့ သဘောတူစာချုပ်ချုပ်ဆိုထားတာပါ။ 

စာချုပ်ဖျက်သိမ်းမှုကြောင့် ချဲလ်ဆီးအသင်းအတွက် နစ်နာမှုတွေရှိလာမှာဖြစ်ပြီး တခြားစပွန်ဆာ ကုမ္ပဏီတွေကလည်း စပွန်ဆာစာချုပ်တွေကို ရပ်ဆိုင်းဖို့ရှိပါတယ်။ 

ဂျာစီစပွန်ဆာတခုဖြစ်တဲ့  နိုက်ကီဟာလည်း ချဲလ်ဆီးနဲ့ ပေါင် ၅၅ သန်း တန်စပွန်စာချုပ်ကို ရပ်ဆိုင်းဖို့ ပြင်ဆင်နေပါတယ်။ 

ဒါ့အပြင် ကားထုတ်လုပ်ရေးကုမ္ပဏီ ဟွန်ဒိုင်းနဲ့ နာရီကုမ္ပဏီ Hublot  တို့ဟာလည်း ချဲလ်ဆီးနဲ့ ချုပ်ဆိုထားတဲ့ ပေါင် ၁၅ သန်းဝန်ကျင် တန်ဖိုးရှိ စာချုပ်ကို ရပ်ဆိုင်းသွားဖို့ လုပ်ဆောင်နေပါတယ်။ 

ရုရှားပိုင်ရှင် မိုဗစ်ကို ဗြိတိန်က အရေးယူမှုကြောင့် ချဲလ်ဆီးအသင်းကို ရောင်းချမယ့် အစီအစဉ်ပျက်ပြယ်သွားခဲ့သလို  အပြောင်အရွှေ့မှာ ကစားသမားသစ်ခေါ်ယူလို့မရတာနဲ့ ကစားသမားတွေကိုလည်း စာချုပ်သက်တမ်းတိုးခွင့်ရှိတော့မှာမဟုတ်ပါဘူး။ 

ဒါ့အပြင် တရာသီစာလက်မှတ်တွေကလွဲရင် ပွဲနေ့အတွက် ရောင်းချမယ့် လက်မှတ်အသစ်တွေကိုလည်း ရောင်းချခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up