တိုက်စစ်မှူး ဝါနာအတွက် ကမ်းလှမ်းမှု ချဲလ်ဆီး လက်ခံမည်

5
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဝါနာအတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ ပြင်ဆင်နေပါတယ်။
ဝါနာကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းက စောင့်ကြည့်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ချဲလ်ဆီးအသင်းက သူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။
အသက်၂၅ နှစ်အရွယ် ဝါနာဟာ ၂၀၂၀ နွေရာသီမှာ လိုက်ပ်ဇစ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပေါင် ၄၇ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ချယ်လ်ဆီးအသင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။