ယူကရိန်းနိုင်ငံတွင်းမှ တရုတ်နိုင်ငံသားများ အန္တရာယ်ကင်းစွာ ပြန်လည်ရောက်ရှိ

ယူကရိန်းနိုင်ငံထဲကနေ ဘေးလွတ်ရာ ရွှေ့လာတဲ့ တရုတ်နိုင်ငံသားတွေကို တင်ဆောင်ထားတဲ့ လေယာဉ် ၉ စီးဟာ တရုတ်နိုင်ငံကို မတ်လ ၁၀ ရက်က ဘေးကင်းကင်း ရောက်လာပြီလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ပြောပါတယ်။
ယူကရိန်းနိုင်ငံထဲက တရုတ်နိုင်ငံသား အများစုကတော့ ယူကရိန်းရဲ့ အိမ်နီးချင်း နိုင်ငံတွေဆီကို ဘေးကင်းကင်း ရောက်ကုန်ကြပြီးပြီလို့လည်း သူက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံသားတွေ လေယာဉ်ပေါ်က ဆင်းလာချိန်မှာ တရုတ်အလံတွေ ဝှေ့ယမ်းနေပုံ ရုပ်သံတွေကိုလည်း အစိုးရရုပ်သံ စီစီတီဗွီက ပြသပါတယ်။
လတ်တလောမှာ ရုရှားဟာ ယူကရိန်းကို ထိုးစစ် နှေးလာအပြီး အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဗျူဟာကို ပြောင်းသုံးခဲ့တယ်လို့ ယူကရိန်းသမ္မတရုံး အကြံပေးက ပြောပါတယ်။