close

စစ်ကောင်စီတပ်၏အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၁၆၇၀ ကျော်ရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်း ဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၆၇၂ ယောက်နဲ့ ဖမ်းဆီးထိန်း သိမ်းခံရသူပေါင်း ၁၂၆၅၄ ယောက်ထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၆၂၅ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၄၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ စိမ်းစားကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်တွေက သေနတ်တွေ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မသဲဦးဖြူကို ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ မသဲဦးဖြူဟာ ရင်ဘတ်နဲ့ ပေါင်ကို ကျည်ထိမှန်ကာ နေရာတင် ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်သားတွေဟာ ကျေး ရွာထဲက နေအိမ်တချို့ကို မီးရှို့တာကြောင့် မသန်စွမ်းလို့ ထွက်ပြေးနိုင်ခြင်းမရှိတဲ့ အဘွားအို တယောက်လည်း မီးလောင်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီးအဖွဲ့က ဖမ်းဆီးသွားခဲ့တဲ့ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကျေးရွာမှာ နေထိုင်တဲ့ ကိုစိုးပိုင်ဟာ ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာ ကိုယ်ခန္ဓာအနှံ့ဒဏ်ရာတွေနဲ့ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါ တယ်။ မတ် ၈ ရက်ည ၇ နာရီခွဲလောက်က ကိုစိုးပိုင်ကို ပျူစောထီးအဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ည ၉ နာရီခွဲလောက်မှာ နေအိမ်ကို ပြန်လည် ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ကျဆုံးသွားခဲ့တာလို့ သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန် ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up