မုံရွာမြို့နယ် ကျေးရွာတရွာတွင် စာသင်ကျောင်းဗုံးကွဲ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျွဲရဲကျေးရွာ(မြောက်) စာသင်ကျောင်းမှာ မတ်လ ၁၄ ရက် ဒီမနက် ၉ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“အထက-ခွဲ ဗုံးပေါက်ကွဲသွားတယ်။ ကျောင်းကဖွင့်တယ်။ ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ ကျောင်းသူကျောင်းသားတွေက ထိခိုက်တာမရှိဘူး ကျောင်းဝင်းက ဝင်းသီရိ ကျောင်းဆောင် မျက်နှာကြက် ပျက်စီးသွားခဲ့တယ်။”
ဗုံးပေါက်ပြီးနောက် မကြာခင် စစ်ကောင်စီတပ်တွေရောက်ပြီး စစ်ဆေးတာတွေ ပြုခဲ့တယ်လို့ အနီးနား မျက်မြင်တစ်ဦးက ပြောပါတယ်။
ကျွဲရဲ(မြောက်)ကျေးရွာရှိ အထက-ခွဲ ကျောင်းဆောင်ဗုံးပေါက်ကွဲတာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။