close

မြစ်ဆုံတွင် စက်ယန္တရားများဖြင့် ရွှေတူးဖော်မှု ရပ်တန့်ရန် ဒေသခံများ ဆန္ဒပြတောင်းဆို

မြစ်ဆုံဒေသအတွင်း စက်ယန္တရားတွေနဲ့ ရွှေတူးဖေါ်တဲ့လုပ်ငန်းတွေရပ်တန့်ပေးဖို့  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ဆုံဒေသခံတချို့က မတ်လ ၁၄ ရက် ဒီနေ့ ကျရောက်တဲ့  "အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့" မှာ မေခ၊မလိခမြစ်ဆုံအနီးသွားရောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မြစ်ဆုံအနီး ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေဟာ မြစ်ချောင်းတွေ ထာဝရစီးဆင်းစေဖို့နဲ့ ရွှေတူးဖေါ်လုပ်ငန်းတွေရပ်တန့်ပေးဖို့ကျေးရွာ ၁၅ ရွာက ရွာသူရွာသား  လူအင်အား  အယောက်  ၇၀ ကျော်လောက်နဲ့ သွားရောက် ဆန္ဒပြခဲ့ကြတာလို့ ဒေသခံ တဦးက ပြောပါတယ်။ 

“အာဏာသိမ်းအပြီးနောက်ပိုင်း  မြစ်ဆုံဒေသအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ စက်ယန္တယားတွေသုံးပြီး ရွှေတူးဖေါ်တာတွေလုပ်လာကြတယ်။ ခုဆို  မလိခမြစ်ရေက သောက်သုံးလို့မရတော့ဘူး။ ဓါတုဗေဒပစ္စည်းတွေ ရွှေတူးဖေါ်ရေးက စွန့်ပစ်ပစ္စည်းတွေကြောင့် ဂေဟစနစ်နဲ့ မြစ်ချောင်းတွေပျက်စီးကုန်ပြီ အဲ့ဒါကြောင့် ဒီနေ့ကန့်ကွက် ဆန္ဒထုတ်ဖော်ရတာ”လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဧရာဝတီမြစ် ထာဝစဉ် လွတ်လပ်စွာ စီးဆင်းရေး၊ မြစ်ချောင်းတွေမှာ စက်ယန္တရားနဲ့ ရွှေတူးဖော်မှု ရပ်ဆိုင်းရေး၊ မြစ်ချောင်း အင်းအိုင်တွေ လွတ်လပ်စွာ ရှင်သန်ရေး၊  မြစ်ကြောင်း တစ်လျှောက် အကြီးစားရေကာတာ ဆောက်လုပ်ခြင်း အလိုမရှိ၊ သန့်ရှင်းသောရေ ရရှိရေးနဲ့ မြစ်ချောင်းတွေကို ကာကွယ်ဖို့ ရေထိန်းတောကို ထိန်းကြစို့ အစရှိသည့် အချက်များကို ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up