ရုရှားဗုံးကြဲမှုကြောင့် မာရီပိုလ်မြို့အနှံ့ လူနေအဆောက်အအုံများ မီးလောင်ပျက်စီး၊ လူ ၂၅၀၀ ကျော် သေဆုံး

ယူကရိန်း အရှေ့တောင်ဘက် မာရီပိုလ်ဆိပ်ကမ်းမြို့ကို ရုရှားကျုးကျော်တပ်တွေ ဝိုင်းပတ် တိုက်ခိုက်ခဲ့ပြီး လူနေအဆောက်အအုံတွေ မီးလောင်ပျက်စီးနေတာကို ယူကရိန်းလုံခြုံရေးအဖွဲ့က ဒရုန်းဗီဒီယိုရိုက်ထားတာကို မတ်လ ၁၄ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။
မြို့ကြီးပတ်ပတ်လည်မှာ အဆောက်အအုံတွေ မီးလောင် ပေါက်ကွဲ ပျက်စီး ဆုံးရှုံးမှုတွေက ကြီးကြီးမားမားရှိခဲ့ပြီး သေဆုံးသူအရေအတွက် အတိကျ စာရင်းမရနိုင်သေးပေမဲ့ မြို့ဒေသခံ ၂၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးမှူးက အတည်ပြုထားပါတယ်။
ရုရှားတပ်တွေ အဆက်မပြတ် ဗုံးကြဲနေတာကြောင့် အရေးပေါ်အကူအညီတွေ မြို့ထဲ ဝင်မပေးနိုင်ခဲ့ဘူးလို့ ယူကရိန်း ဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။
ဗုံးမိုးရွာနေချိန်မှာ ကယ်ဆယ်ရေးယာဉ်တန်းက အမျိုးသမီးတွေနဲ့ ကလေးတွေကို ကယ်ထုတ်ဖို့ ကြိုးစားပေမဲ့ မြို့ထဲ ဝင်မရခဲ့ပါဘူး။