close

မအူပင်အကျဉ်းထောင်မှ CDM ဆရာဝန် ၁ ဦးအပါဝင် ၄ ဦးလွတ်မြောက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာရှိတဲ့ အကျဉ်းထောင်ကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေးမှာ ပါဝင်ခဲ့တဲ့ ဆရာဝန် ၁ ဦး အပါဝင် ၄ ဦး မတ်လ ၁၄ ရက်နေ့ ညနေပိုင်းက ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

မအူပင်အကျဉ်းထောင်ကနေ ညနေပိုင်းမှာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရတဲ့ ဖျာပုံမြို့က CDM ဆရာဝန် ဒေါက်တာ နိုင်ထူးနဲ့ အရပ်သား ၃ ဦးကို ပြန်လွှတ်ပေးခဲ့တာလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ 

“အဖမ်းခံထားရတာ ၁ နှစ်လောက်ရှိပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက အဖမ်းခံရတာ မနေ့က ညနေ ၄ နာရီလောက်ကမှ ပြန်လွှတ်ပေးတာ” လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

စစ်ကောင်စီက ၁ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဒေါက်တာ နိုင်ထူး အပါဝင် ဒေသခံပြည်သူ ၄ ဦးဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေမှာလည်း ပါဝင်ခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒေါက်တာ နိုင်ထူးအပါဝင် ၄ ဦးကို စစ်တပ်က နိုင်ငံတော်အကြည်ငြိုပျက်စေမှုနဲ့ တရားစွဲဖမ်းဆီးခဲ့ပေမယ့် သက်သေအထောက်ထား မခိုင်လုံတာကြောင့် ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up