close

ယူကရိန်းအဓိကမြို့များကို အပြည့်အဝထိန်းချုပ်နိုင်ပြီးဟု ရုရှားပြော

ရုရှားစစ်တပ်ဟာ တရုတ်ရဲ့ ဘယ်လိုအကူအညီမှ မပါဘဲ ယူကရိန်းရဲ့ အဓိကမြို့ကြီးတွေကို အပြည့်အဝထိန်းချုပ်နိုင်ပြီး ယူကရိန်းနိုင်ငံထဲမှာ ရည်မှန်းချက်အားလုံးကို ဖြည့်ဆည်းဖို့ လုံလောက်တဲ့ စစ်တပ်ဩဇာရှိတယ်လို့ ရုရှားသမ္မတ နန်းတော်က မတ်လ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းနိုင်ငံအတွင်း ရုရှားရဲ့ ထိုးစစ်ကို အင်ပါယာပုံစံ မြေယာသိမ်းပိုက်မှုအဖြစ် အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေက သဘောထားကြတာပါ။ ယူကရိန်းရဲ့ ခုခံစစ်ကို ရုရှားက လျှော့တွက်ခဲ့ပြီး အနောက်နိုင်ငံတွေက ရုရှားကို ဒဏ်ခတ်ဖို့ ဆုံးဖြတ်ခဲ့ကြလို့ ညံ့ဖျင်းတဲ့သိမ်းပိုက်မှုဟာ ခုထိတော့ ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးဘူးလို့ အနောက်နိုင်ငံတွေက ပြောပါတယ်။  

ရုရှားပြည်ထောင်စုရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ အရပ်သားတွေ အမြင့်ဆုံး ဘေးကင်းရေး သေချာစေဖို့ ဆောင်ရွက်ရင်း လူဦးရေများတဲ့ အဓိကဌာနတွေကို အပြည့်အဝထိန်းချုပ်ဖို့ ဖြစ်နိုင်ခြေကိုလည်း ချန်လှပ်မထားဘူးလို့ ရုရှားသမ္မတနန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

ယူကရိန်းအစိုးရက အရပ်သားတွေကို လူသားဒိုင်းအဖြစ် သုံးမယ်ထင်လို့ ကိယက်လို အဓိက မြို့ကြီးတွေကို စီးနင်းတာရှောင်ဖို့ ရုရှားသမ္မတ ပူတင်က ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ဆင်ရေး အစပိုင်းမှာ ညွှန်ကြားထားတယ်လို့လဲ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up