close

အဓိက ကစားသမားများကို ဆက်ထိန်းသွားမည်ဟု လီဗာပူးနည်းပြပြော

လာမယ့်နွေရာသီမှာ ကစားသမားတချို့ ထွက်ခွာနိုင်ပေမဲ့လည်း အသင်းရဲ့ အတောင့်တင်းဆုံး ကစားသမားတွေကိုတော့ ဆက်ထိန်းထားမယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ပြောကြားလိုက်ပါတယ်။

ကလော့ပ်က လက်ရှိအသင်းလူစာရင်းမှာ ကစားသမားကောင်းတွေ များပြားနေတဲ့အတွက် ကစားသမားအားလုံးကို ပျော်ရွှင်အောင်ထားဖို့ မဖြစ်နိုင်ကြောင်းနဲ့ မီနာမီနို၊ အော်ရီဂီတို့လို ကစားသမားတွေဟာ လာမယ့်နွေရာသီမှာ အသင်းမှ ထွက်ခွာသွားနိုင်ကြောင်း ဝန်ခံခဲ့တာပါ။

ဒါပေမဲ့ လီဗာပူးလ်အသင်းနဲ့  အောင်မြင်မှုတွေ ၂၀၂၄ ခုနှစ်အထိ ဆက်လက်ရယူနိုင်ဖို့  အသင်းကျောရိုးသဖွယ်ဖြစ်တဲ့ အဓိကလူစာရင်းကိုတော့ ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။

လာမယ့်နွေရာသီမှာ အသင်းက အော်ရီဂီနဲ့ မီနာမီနိုတို့ ထွက်ခွာဖွယ်ရှိနေပြီး ၂၀၂၃ ခုနှစ်မှာတော့ အသင်းရဲ့ အဓိကကစားသမားတွေ ဖြစ်တဲ့ ဆာလာ၊ မာနေ၊ ဖေမီနိုနဲ့ ကီတာတို့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up