close

ထိုင်းနိုင်ငံ ဘန်ကောက်သို့ တရားမဝင်သွားရောက် အလုပ်လုပ်မည့် မြန်မာ ၁၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို တရားမဝင်သွားရောက်ဖို့ အလုပ်လုပ်ဖို့ကြိုးစားခဲ့တဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၁၃ ယောက်ကို ဖေဖော်ဝါရီ ၂၈ ရက် ဒီညနေက တာခ်ခရိုင်၊  မဲ့ထောမြို့ နောင်ဘဝေါ်ဒေသမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။

အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ကယ်ရီအဆင့်ဆင့်နဲ့ မြန်မာ-ထိုင်းနယ်စပ်ကနေ ဘန်ကောက်မြို့သို့ တရားမဝင်သွားရောက်ဖို့ တယောက်ကို ထိုင်းဘတ်ငွေ ၂သောင်းကျော်လောက် ပေးခဲ့ကြရတာဖြစ်ပါတယ်။

တာခ်ခရိုင်အဝင်မှာ ထိုင်းရဲတပ်ဖွဲ့က သတင်းရရှိတဲ့အတွက် လူကုန်ကူးတင်ဆောက်လာတဲ့ ကားကို ဖမ်းဆီးနိုင်ဖို့ ဂိတ်အဆင့်ဆင့်မှာ စောင့်ဆိုင်းစစ်ဆေးနေစဉ်  လမ်းဆုံတနေရာမှာ တွေ့ရှိစစ်ဆေးရာ ကားပေါ်က မြန်မာ  ၇ ယောက်ကို အရင်တွေ့ရှိခဲ့တာပါ။ 

ဒီနောက်  ကားအနောက်ထဲမှာ ဖုန်းထားတဲ တာလပတ်အမည်းရောင်ကို ဖွင့်ကြည့်ရာမှာ နောက်ထပ် မြန်မာ  ၆ ယောက် ထပ်တွေ့ဖမ်းမိခဲ့တာပါ။

ယာဉ်မောင်းနဲ့ မြန်မာအလုပ်သမားတွေကို ကိုဗစ်-၁၉ ရှိမရှိ စစ်ဆေးရာမှာ ၃ ဦးမှာ ရောဂါ စစ်ဆေးတွေ့ရလို့ အားလုံးကို ထိုင်းနိုင်ငံမှာ ကိုဗစ်ကုသ စောင့်ကြည့်ပြီးမှ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ရဲစခန်းအပ်နှံ  အရေးယူ ဆောင်ရွက်သွားဖို့ရှိတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up