close

မိုင်းနင်းမိသဖြင့် ဖခင် သေဆုံးပြီး ပြင်းထန်ဒဏ်ရာရခဲ့သည့် သားအမိနှစ်ဦး အကူအညီလိုအပ်နေ

မိုင်းနင်းမိတာကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် နောင်ယာဆိုင်းကျေးရွာက သားအမိနှစ်ဦး ဆေးကုသဖို့ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ပန်ကေတုကျေးရွာ သွားရာလမ်းမျာ မိုင်းနင်းမိတာကြောင့် ဖခင်ဖြစ်သူ  သေဆုံးသွားပြီး ဇနီး နဲ့ သားဖြစ်သူတို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာပါ။

“၃ နှစ်အရွယ်ကလေးငယ်က ညာဘက်ခြေထောက်မှာ ဒဏ်ရာအပြင်းထန်ရပြီး၊ မိခင်ဖြစ်သူမှာ ဝမ်းဗိုက် နဲ့ ခြေထောက်နည်းနည်းထိတယ်။ လက်ရှိမှာ လွိုင်လင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်” လို့ ကူညီဆောင်ရွက်ပေးနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါမိသားစုဝင်တွေဟာ လက်ဖက်နဲ့ တောင်ယာလုပ်ငန်းသာ လုပ်ကိုင်စားသောက်နေသူတွေ ဖြစ်တာကြောင့် ဒဏ်ရာရတဲ့ မိခင်နဲ့ ၃ နှစ်အရယ် ကလေးငယ်ကို ဆေးကုသဖို့ ငွေကြေး အကူအညီ လိုအပ်နေတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

“မိခင်နဲ့ ကလေးအတွက် ဆေးကုဖို့ ပိုက်ဆံလိုအပ်နေတယ်။ သူတို့ မိသားစုလည်း ငွေကြေး မတတ်နိုင်ဘူး။ ဆေးရုံတက်တာလည်း ကြာပြီ။ ခွဲစိတ်ဖို့ ငွေမရှိဘူး။ ငွေသုံးသောင်း နဲ့ပဲဆေးရုံတက်နေရတယ်။” 

အလှူရှင်တွေအနေနဲ့ ၅၀၀၊ ၁၀၀‌၀ ကစပြီး Kpay 09453130460 (Sai Woum Lawe) အကောင့်ကို တတ်နိုင်လောက် ကူညီလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up