close

BIMSTEC ထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို ဖိတ်ကြားခြင်းမပြုရန် တောင်းဆို

သီရိလင်္ကာနိုင်ငံမှာ မတ်လ ၃၀ ရက် ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော်ဒေသ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ရဲ့ ၅ ကြိမ်မြောက်  ထိပ်သီးညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို  ဖိတ်ကြားခြင်းမပြုဖို့  India for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဖက်ဆစ်စစ်တပ်နဲ့ ဆက်စပ်ပက်သက်မှုတွေအားလုံးကို ရပ်တန်းက ရပ်ဖို့၊ မြန်မာပြည်ဒီမိုကရေစီ လှုပ်ရှားမှုကြီးရဲ့ တောင်းဆိုချက်ကို အလေးထားဖို့၊ BIMSTEC အဖွဲ့ခေါင်းဆောင်တွေဟာ ထိပ်သီးညီလာခံမှာ မြန်မာပြည်အရေးအား လူသားဂုဏ်သိက္ခာနဲ့ လူသားမျိုးနွယ်တို့ရဲ့ အရေး ရှေးရူကာ ဆွေးနွေးကြဖို့ တောင်းဆိုပါတယ်။

ဒါကြောင့် BIMSTEC ဟာ ဖက်ဆစ်စစ်တပ်ကို ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်အဖြစ် ဖိတ်ခေါ်မှု ရပ်တန့်မှုမရှိပါက India For Myanmar ကနည်းမျိုးစုံနဲ့ ဆက်လက်ကန့်ကွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မတရား အာဏာသိမ်းထားပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတဲ့  စစ်ကောင်စီကို ၅ ကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံမှာ မဖိတ်ကြားဖို့လည်း ကြေညာချက်ထုတ် တောင်းဆိုလိုက်တာပါ။

India For Myanmar ဟာ အိန္ဒိယပြည်အခြေစိုက် နွေဦးတော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း အိန္ဒိယဝန်ကြီးချုပ် မိုးဒီနဲ့ အိန္ဒိယအခြေစိုက် BIMSTEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေကို အိတ်ဖွင့်စာပေးကာ BIMSTEC လုပ်ရပ်တွေကို ဆန့်ကျင်ခဲ့ပါတယ်။

ဒါပေမဲ့ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေကတော့  အဆိုပါတောင်းဆိုမှုကို လျစ်လှူရှုကာ ယနေ့အထိ အာဏာသိမ်းစစ်ကောင်စီကို ထိပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ကြားထားတာကို ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးပါဘူး။ 

BIMSTEC အဖွဲ့မှာ  ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တာဖြစ်ပြီး  လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အာဏာသိမ်းစစ်တပ်ကို  မြန်မာနိုင်ငံ နိုင်ငံကိုယ်စားပြုအဖြစ် လက်ခံထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up