close

ပူတင်ကို သားသတ်သမားဟု သမ္မတ ဘိုင်ဒင်ခေါ်ဆို

အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ရုရှားသမ္မတပူတင်ကို ‘သားသတ်သမား’ (butcher) လို့ ခေါ်ဆိုလိုက်ပြီး  ရှရှားသမ္မတပူတင်အနေနဲ့ အာဏာဆက်မြဲမယ်လို့ မထင်ကြောင်းလည်းပြောကြား လိုက်ပါတယ်။ 

မတ်လ ၂၆ ရက်က ပိုလန်နိုင်ငံ ဝါဆောမြို့ရှိ ယူကရိန်းဒုက္ခသည်တွေရှိရာကို သွားရောက်စဉ် သတင်းသမားတွေရဲ့ မေးခွန်းကို ဘိုင်ဒင်က မှတ်ချက်ပေး ပြန်ဖြေကြားတဲ့အခါ  ရုရှားသမ္မတပူတင်ကို ‘သားသတ်သမား’လို့ ခေါ်ဆိုလိုက်တာပါ။ 

အမေရိကန်နိုင်ငံဟာ ရုရှားကျူးကျော်စစ်ကို ခုခံကာကွယ်နေတဲ့ ယူကရိန်းနဲ့ အတူရပ်တည်ကြောင်း၊ နေတိုးအဖွဲ့ဟာ ကာကွယ်ရေးနဲ့လုံခြုံရေးမဟာမိတ်အဖွဲ့ဖြစ်တာကြောင့် ရုရှားကို ဘယ်တော့မှာ ကျူးကျော်မှာမဟုတ်ကြောင်းလည်း သမ္မတဂျိုးဘိုင်ဒင်က ဝါဆောမြို့ တော်ဝင်ရဲတိုက်မှာ ယူကရိန်းအလံတွေကို ကိုင်ထားတဲ့ ပိုလန်လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရာရှိတွေနဲ့ ကျောင်းသားတွေကို မိန့်ခွန်းပြောခဲ့တာပါ။   

ဘိုင်ဒင်က “ပူတင်အစိုးရဟာ နေတိုးအဖွဲ့ဟာ အင်ပါယာစီမံကိန်းနဲ့ နယ်မြေချဲ့ကားပြီး ရုရှားကို မတည်ငြိမ်အောင် လုပ်ဖို့ ရည်ရွယ်တယ်လို့ ပုံဖော်လေ့ရှိတယ်။ အဲဒါ အမှန်တရားနဲ့ လုံးဝဝေးနေပါတယ်။ နေတိုးဟာ ကာကွယ်ရေးမဟာမိတ်အဖွဲ့ပါ၊ ရုရှားပြိုလဲဖို့ ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။ 

အခု ယူကရိန်းပြည်သူတွေဟာ သူတို့နိုင်ငံကို ကယ်တင်ဖို့ ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲဝင်နေကြရသလို ယူကရိန်းပြည်သူတွေရဲ့ ရဲရင့်တဲ့ခုခံမှုဟာ ကမ္ဘာ့လွတ်လပ်တဲ့ ပြည်သူအားလုံးကို ညီညွတ်စေပြီး ကမ္ဘာ့ ဒီမိုကရေစီတန်ဖိုးတွေကို ကာကွယ်ပေးနေတာ ဖြစ်တယ် လို့ ဘိုင်ဒင်က ပြောခဲ့တာပါ။   

ဆက်ပြီး ဘိုင်ဒင်က “ဒီစစ်ပွဲဟာ ရုရှားအတွက် မဟာဗျူဟာအရ ကျရှုံးစေမှာပါ၊ ဒီလူ အာဏာဆက်မြဲမယ်လို့လည်း မထင်ပါဘူး” လို့ ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up