close

ထားဝယ် ကမြောကင်းတံတားထိပ်တွင် စစ်ကောင်စီတပ်က မိုင်းထောင်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမြောကင်းတံတားထိပ်မှာ စစ်ကောင်စီတပ်က လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက မိုင်းထောင်ထားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

“လောင်းလုံးမြို့နယ်ဘက်ခြမ်း ကမြောကင်းတံတားထိပ်မှာ စစ်ဆေးရေးဂိတ်ချကာ လမ်းသွားလမ်းလာတွေကို မှတ်ပုံတင်၊ ကိုဗစ်ဆေးထိုးလက်မှတ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ လိုင်စင် စတာတွေ စစ်ဆေးလေ့ရှိပြီး ထားဝယ်ဘက်ခြမ်း တံတားထိပ်မှာတော့ အခုလို မိုင်းထောင်ထားတာပါ။”လို့ ဒေသခံ တယောက်က ပြောပါတယ်။

ကမြောကင်းတံတားဟာ ဒေသခံတွေအတွက် အလွန်အရေးပါတဲ့ တံတားတစင်းဖြစ်ပြီး မော်တော်ဆိုင်ကယ် အများစု အပါအဝင် နေ့စဉ် ယာဉ်အစီးရေ ၅၀၀ လောက် ဖြတ်သန်းသွားလာနေတဲ့ တံတားတစင်းလည်း ဖြစ်ပါတယ်။

စစ်အုပ်စုပိုင် မိုင်တဲလ် တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ထားဝယ်ဒေသအတွင်းရှိ မိုင်တဲလ် တာဝါတိုင်တွေမှာ စစ်ကောင်စီတပ်သားတွေက ခြေနင်းမိုင်း လိုက်ထောင်ခဲ့လို့ ကျွဲနွားတွေ မတော်တဆ တက်နင်းမိ ပေါက်ကွဲတာတွေလည်း ရှိခဲ့ပါတယ်။

ကမြောကင်းတံတားကို ကုန်ကျစရိတ် ၈၂ ဒသမ ၃၂ သိန်းနဲ့ ၁၉၇၅ ခုနှစ်၊ ဧပြီလအတွင်းမှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး တံတားအရှည် ပေ ၁,၁၀၀ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up