close

မဟာအောင်မြေမြို့နယ်၌ ရပ်ကွက်ရုံးကင်းစခန်း ပစ်ခတ်ခံရပြီး ၃ ဦး ဒဏ်ရာရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၅၈ လမ်း နဲ့ ၅၉ လမ်းကြားရှိ ရဲမွန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ ကင်းစခန်း မတ်လ ၃၀ ရက် နေ့လယ် ၃ နာရီက ပစ်ခတ်ခံခဲ့ရ လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက် ဒဏ်ရာရသွားပါတယ်။

သေနတ်နဲ့ ၆ ချက်လောက် ပစ်ခတ်သွားတာဖြစ်ပြီး စစ်သားဒုတပ်ကြပ် ၁  ဦး၊ ရဲတပ်သား  ၂ ဦး စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃  ဦး ပြင်းထန်ဒဏ်ရာရကာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။

“အဲဒီရုံးမှာက တပ်စွဲထားတော့ ရှေ့မှာ အတားအဆီးတွေချထားတယ်။ မကြာခဏလည်း လမ်းပိတ်ပြီး စစ်တယ်။ ရက်ပိုင်းကတောင်မှ ရပ်မပေးလို့ဆိုပြီး လှမ်းပစ်တာဖြစ်သေးတယ်” လို့ ရပ်ကွက်နေ ပြည်သူတဦးက  ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေရောက်လာကာ ဒဏ်ရာရသူတွေကို လူနာတင်ယာဉ်တွေနဲ့ နန်းတွင်းစစ်ဆေးရုံသို့ သယ်ဆောင်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up