ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူ

တရုတ်နိုင်ငံအရှေ့ဘက် အန်ဟွီးပြည်နယ်မှာ မတ် ၃၀ ရက်နေ့က ကျင်းပတဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အစည်းအဝေးကို တက်ရောက်လာတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သီးသန့်တွေ့ဆုံပြီး ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူလိုက်ပါတယ်။
လဗရော့ဗ်က “နိုင်ငံတကာဆက်ဆံရေး သမိုင်းမှာ အရေးကြီးတဲ့ အခြေအနေကို ကျနော်တို့ ဖြတ်သန်းနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ရေရှည်တည်ငြိမ်မှုရှိတဲ့ ဆက်ဆံရေးကို ရုရှားက မြင်တွေ့နေရပါတယ်” လို့ ပြောပါတယ်။
လဗရော့ဗ်နဲ့ ဝမ်ယိတို့ရဲ့ အခုတွေ့ဆုံမှုဟာ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။