close

အွန်လိုင်းပေါ် နာမည်ကြီးနေသည့် “PDF Power” တော်လှန်ရေး ရက်ပ်သီချင်း (ရုပ်သံ)

“သေရဲတဲ့ ကောင်တွေ ထွက်ခဲ့ဆိုတဲ့ ကောင်တွေ ရှေ့ကိုထွက်ခဲ့ ထွက်ခဲ့ … သေရဲတဲ့ကောင်တွေ ထွက်ခဲ့ဆိုတဲ့ ကောင်တွေ ရှေ့ကိုထွက်ခဲ့ ထွက်ခဲ့… မင်းတို့အားလုံး ငရဲပြည်ပို့ မင်းအဘက ကြိုးစင်တက် ... မင်းတို့အားလုံး ငရဲပြည်ပို့ မင်းအဘက ကြိုးစင်တက်”

ဒါကတော့ လတ်တလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ် နာမည်ကြီးနေတဲ့ တော်လှန်ရေး ရက်ပ်သီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

“PDF Power” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ WOIOW_Official ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာတင် ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့တာပါ။

ရုပ်သံဗီဒီယိုဖိုင်ထဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) လူငယ် ၂ ယောက်ရဲ့ စည်းချက်နဲ့အညီ တက်ကြွတဲ့ ကကွက်လှုပ်ရှားမှုတွေနဲ့အတူ စိတ်အားတက်ကြွဖွယ် တော်လှန်တေးစာသားတွေကိုပါ ရှုစား နားဆင်ကြရမှာ ဖြစ်ပါတယ်။

“အတုံ့အလှည့်ဆိုတာကတော့ လာမယ် လာမယ် လာမယ်… လက်နက်မဲ့တဲ့ ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်ဖို့… မင်းတို့ ပျော်တယ်မှတ်လား ပျော်တယ်မှတ်လား… အေး ခု ငါတို့ အလှည့်… ခု ငါတို့အလှည့်… ခု ငါတို့အလှည့်”

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေ အပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ မျိုးဆက်သစ် လူငယ်ထုကလည်း ကျရာနေရာကနေ နွေဦးတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up