ယူကရိန်းကျူးကျော်စစ်တွင် ရုရှားသမ္မတပူတင် ရှုံးနိမ့်နေဟု ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်ပြော

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ထင်မြင်ယူဆချက်တွေ အကြီးအကျယ် ဆက်တိုက်လွဲချော်အပြီး ယူကရိန်းပဋိပက္ခမှာ ရှုံးပြီးနေပြီလို့ ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဆာ တိုနီ ရာဒါကင်က မတ် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။
အစိုးရ တတ်သိပညာရှင်များအဖွဲ့က တည်ခင်းကျင်းပတဲ့ အခမ်းအနားမှာ အခုလို ပြောလိုက်တာပါ။
အာဏာရှင်တွေ အားလုံးလိုပဲ ပူတင်ဟာ သူ့ရဲ့ စစ်အင်အားနဲ့ ပတ်သက်လို့ သူ့ကို လှည့်စားဖို့ ကိုယ်တိုင် ခွင့်ပြုခဲ့တယ်လို့လည်း ရာဒါကင်က ပြောပါတယ်။
ပူတင်ဟာ အားနည်းယုတ်လျော့လာနေတဲ့ သွင်ပြင်မှာ ရှိနေပြီး နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ကတော့ ပိုစည်းလုံး အားကောင်းလာနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။